၂၃ နိုဝင်ဘာ ရန်ကုန် ၊ ၊စပယ်ထွန်း
No Hope For Myanmar Actress

ဆုရွေးချယ်ခံရမည် ဟု ထင်ကြေးပေးခံနေရသည့် ကြိုးတန်းဇာတ်ကား
၂၀၀၈ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများပေးအပ် ချီးမြှင့်ရန် ဇာတ်ကား ၁၂ ကားသာရှိကြောင်း နှင့် ဆုချီးမြှင့်ပွဲတွင် ပါဝင်မည့် ဇာတ်ကား အများစု မှာ ဟာသ ဇာတ်ကား အများစုသာဖြစ်ကြောင်းယနေ့ထုတ်ဝီကလီအီလ်(လ)ဗင်းဂျာနယ်တွင်ဖော်ပြထားသည်။ထိုဇတ်ကား
များတွင် အမျိုးသမီး သရုပ်ဆောင်များ ပါဝင် သရုပ်ဆောင်ထားသော် လည်း မည်သည့် အမျိုးသမီးသရုပ်ဆောင်မှ ဆုရရှိရန် မျှော်လင့် မထားကြောင်း သိရသည်။ Keep reading →
Categories: ဖျော်ဖြေရေး · ပြည်တွင်းသတင်း
၂၄ နိုဝင်ဘာ ရန်ကုန် ၊ ၊ယူကွန်
Liquor Advertising Prohibited In Myanmar

တစ်ချိန်ကစွဲဆောင်မှုရှိခဲ့သည့်အရက်ကြော်ငြာတစ်ခု
၂၀၀၉ ခုနှစ်မှ စ၍ မည်သည့် အရက်ကြော်ငြာမှ စာအုပ်၊မဂ္ဂဇင်း ၊ရုပ်သံကြော်ငြာ၊ဘီဘုဒ် အပါအ၀င် မည်သည့် မီဒီယာတွင် မှ ကြော်ငြာခွင့် ပြုတော့မည် မဟုတ်ကြောင်း သတင်းရရှိ သည်
ပြန်ကြာားရေး ၀န်ကြီးဌာန လက်အောက်ရှိ စာပေစီစစ်ရေး က သက်ဆိုင်ရာ မဂ္ဂဇင်းဂျာနယ်
အယ်ဒီတာများ အား အရက်ကြော်ငြာများ နှင့် ပတ်သက်၍ လာမည့် နှစ်ဆန်းမှ စ၍ ကြော်ငြာ ထည့်သွင်းပေးခြင်းမပြုရန် သိရှိကြောင်း လက်မှတ် ထိုးခိုင်းသည်။ Keep reading →
Categories: ပြည်တွင်းသတင်း
၂၃ နိုဝင်ဘာ ရန်ကုန် ၊ ၊Freedom News Group
Photo : In This Week

ွGlobal Fund,ဥရောပနှင့်ဂျပန်နိုင်ငံတို့ မှငွေကြေးအကူအညီများစီးဝင်လာမှုကြောင့် မြန်မာငွေတန်ဖိုးမြင့်တက်ရသည်ဆိုသော်လည်း နိုင်ငံခြားဘဏ်များမှ မြန်မာစစ်ဗိုလ်ချုပ်များ ၏ ငွေကြေးများ ပြန်လည်ထုတ်ယူမှုများရှိ ခြင်းကြောင့်ဟုဆိုသည်။ (ပုံတွင် မြန်မာလူမျိုးတို့ ၏ ကထိန် အလှုတော်မှ ငွေပဒေသာပင် များ)

ရန်ကုန်တွင် ယဉ်တိုက်မှုများကြောင့်သေဆုံးမှုများမှာ ၂၀၀၉ ခုနှစ်တွင် စံချိန်တင်ခဲ့သည်။ပုံတွင် ကုန်အပြည့်တင်ဆောင်လာသည့် လော်ရီကား တစ်စီးမှာ မောင်းနှင်နေစဉ် ရှေ့ဘီးထောင်သွားပုံကို တွေ့ ရစဉ်

နိုဝင်ဘာလ ၁၂ ရက်နေ့ ကဖွားမြင်ခဲ့သည့် နိုင်နိုင်း နှင် စန္ဒီချိုတို့ ၏သမီးဦးလေး

မြန်မာမော်ဒယ်(လ်) နှင့်သရုပ်ဆောင်မိုးဟေကိုအားMitsubushi Lancer ကားနှင့်အတူတွေ့ ရစဉ်

မျိုးဆက်သစ်မြန်မာမော်ဒယ်(လ်)မလေးများမှာ ပို၍ဆွဲဆောင်မှုရှိလာကြသည်ကို ဤသို့ တွေ့ ရသည်။
Keep reading →
Categories: သတင်းဓာတ်ပုံ
၂၂ နိုဝင်ဘာ ရန်ကုန် ၊ ၊Freedom Literature
စကျင်ကျောက်နံရံအိပ်မက် အမှာစာ (မြန်မာ အီးဘွတ်ခ်ဘလောက်မှ)
စကျင်ကျောက်နံရံအိပ်မက် သည် ဂျာမန်ဝတ္ထုတိုများ ဘာသာပြန် စုစည်းထားခြင်းဖြစ်သည်။ စုစုပေါင်း ဂျာမန်ဝတ္ထုတို ရှစ်ပုဒ် ပါဝင်သည်။
ဂျာမန်စာပေသည် မြန်မာစာဖတ်ပရိသတ်နှင့် အလှမ်းဝေးသည် မဟုတ်ချေ။ ဆရာဇော်ဂျီက သောမတ်မန်၊ဟာမန်ဟတ်စာ အစရှိသော ကမ္ဘာ့စာပေဆုရှင်တို့၏ ဝတ္ထုတိုများ ဘာသာပြန်ပေးခဲ့ဖူးသည်။ Keep reading →
Categories: ရသ စာပေ · ဖျော်ဖြေရေး
၂၀ နိုဝင်ဘာ ရန်ကုန် ၊ ၊ပလန်းနက် မြန်မာ
Burma : Private School Relaunches
တက္ကသိုလ်ဝင်တန်းကျောင်းသားများအား ပညာသင်ကြားလျက်ရှိသည့် ACA ပညာရိပ်ငြိမ်ဘော်ဒါဆောင်ကို အခြေံပညာအထက်တန်းကျောင်းအဖြစ် အသိအမှတ်ပြု၍ တရားဝင်ပညာသင်ကြားခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ပုဂ္ဂလိကသို့ ယခုကဲ့သို့ အခြေခံပညာကျောင်း ဖွင့်ခွင့်ပေးခြင်းနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းရာ တစ်စုံတစ်ရာ ဖြေကြားခြင်းမရှိပေ။ သက်တမ်း၂၆နှစ်ရှိပြီဖြစ်သော ACA ဘော်ဒါဆောင်၏ အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်ခြင်း အခမ်းအနားကို နိုဝင်ဘာ၉ရက်နေ့တွင် ကျင်းပခဲ့ပြီး ကျောင်းသားများကို အချိန်ပြည့် ပညာသင်ကြားခွင့် ရရှိပြီဖြစ်သည်။ Keep reading →
Categories: သတင်း · ပြည်တွင်းသတင်း

၂၀ နိုဝင်ဘာ ရန်ကုန် ၊ ၊Eleven Media
Scores Fear Dead In Myanmar Ferry Crash
ရှမ်းငူရွာအနီး င၀န်မြစ်အတွင်း နစ်မြုပ်ခဲ့သော သင်္ဘောအား ရှာဖွေမှုများပြုလုပ်နေကြစဉ်
ကုန်စည်များ တင်ဆောင်လာ သော ကုန်သင်္ဘောကြီး (ဒေသ အခေါ် CB1 သံခွံကိုယ်ထည်အမျိုးအစား)နှင့် ပုသိမ်-သက္ကယ်သောင် ခရီးသည်တင် သင်္ဘောတို့သည် ပုသိမ်မြို့အနီး င၀န် မြစ်ကျဉ်းတစ်နေရာ၌ ည ၇နာရီခွဲ ၀န်းကျင်တွင် ၀င်တိုက်မှုဖြစ်ပွားခဲ့ ကြောင်း ဒေသခံများ၊ ကိုယ်တွေ့ကြုံ သူများ၏ပြောကြားချက်အရ သိရှိရ သည်။ နေမျိုးထွန်း(ဒေသအခေါ်နေမျိုး ထွန်းကြီး) အမည်ရှိ ပုသိမ်-သက္ကယ် သောင် Keep reading →
Categories: သတင်း · ပြည်တွင်းသတင်း
၁၉ နိုဝင်ဘာ ရန်ကုန် ၊ ၊ယူကွန်
Michael Learns To Rock Asia Tour And Visit Burma
အာရှတိုက်တွင် အောင်မြင်မှုရရှိသည့် ဒန်းမတ် အခြေစိုက် နာမည်ကျော် ပေါပ်ဂီတ အဖွဲ့ တစ်ခုဖြစ်သော မိုက်ကယ်လန်းတူရောခ် (MLTR) အဖွဲ့ မှာ ဒီဇင်ဘာလ အတွင်း မြန်မာနိုင်ငံသို့ 
လာရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတ အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးက Freedom
News Group သို့ ပြောသည်။ Keep reading →
Categories: ဖျော်ဖြေရေး · ပြည်တွင်းသတင်း
၁၈ နိုဝင်ဘာ ရန်ကုန် ၊ ၊ယူကွန်
2012 Phenomenon Shocks Burma
မာယာ ပြက္ခဒိန် အလိုအရ နှင့် နော်စထရာ ဒါးမတ်စ် အပါအ၀င် နာမည်ကျော် ဗေဒ
နက္ခတ် သုတေသီတို့ ၏ အလိုအရ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ တွင် ကမ္ဘာ
ကြီးသည် သဘာဝ ဘေး ဖြစ်စဉ် တို့ ၏ အကျိုးဆက်ကြောင့် သက်ရှိ သတ္တ၀ါ များ ရှင်
သန်နေထိုင်ခွင့် မရတော့ လောက် အောင် မျိုးတုံး ပျောက်ကွယ် သွားတော့ မည် ဆိုသည့်
ကမ္ဘာ ပျက်မည် အယူအဆ သည် မြန်မာ နိုင်ငံ တွင်းရှိ ကျေးလက် မြို့ ရွာများ တွင် အလွန်
ပင် လူပြောများလျှက်ရှိ ကြောင်းသိရသည်။
၂၀၁၂ ကမ္ဘာ ပျက်မည် ဆိုသည့် သတင်း မြန်မာ နိုင်ငံတွင် ကျယ်ကျယ်ပြန့် ပြန့် ဖြစ်နေခြင်း နှင့် ပတ်သက်၍ ရန်ကုန် မြို့ မှာ နာမည်ကျော် အဆိုတော် တစ်ဦးက Keep reading →
Categories: သတင်း · ပြည်တွင်းသတင်း
၁၅ နိုဝင်ဘာ ရန်ကုန် ၊ ၊Freedom News Group
နွေဦးကျက်သရေ ………နှင့် ကျွန်တော် (ရသ စာတမ်းငယ်များ) စာအုပ်မှ
အမျိုးသားနေ့ သည် မောင်းကဲ့သို့ ဟည်း၍ စည်ကဲ့သို့ ဟိန်းခဲ့သည်။ တစ်နှစ်လျှင်ခြေတစ်
လှမ်း တစ်လှမ်းလှမ်း၍ နှစ်ဆယ့် ခုနှစ်လှမ်းဖြင့် လွတ်လပ်ရေးကို လက်ရသိမ်းပိုက်ခဲ့သည်။
၁၉၂၁ ခုနှစ်တွင် ပထမ ခြေလှမ်းကို လှမ်း၍ ချီတက်ခဲ့သည်။ ၁၉၄၇ခုနှစ် တွင် နှစ်ဆယ့် ခုနှစ်ကြိမ်မြောက်ခြေလှမ်းဖြင့် လွတ်လပ်ရေးကို ခုန်ဖမ်းလိုက်သည်။လွတ်လပ်သော ၁၉၄၈
ခုနှစ်မှ နောက်သို့ ပြန်၍ ကြည့်သော် အမျိုးသားနေ့ သည် လွမ်းစရာ လည်းကောင်းသည်။
အံသြစရာ လည်းကောင်းသည်။ နောင်အခါတွင် အမျိုးသားနေ့ သည် မြန့် မာ့ယဉ်ကျေးမှုတစ်ခု အနေ ဖြင့် တည်တော့ မည် ဟု ထင်ဖွယ်ရာရှိလေသည်။ Keep reading →
Categories: ရသ စာပေ
၁၄ နိုဝင်ဘာ ကိုလံဘို ၊ ၊အေပီ သတင်းဌာန
Coup fear led to crisis: Sri Lanka military chief

အာဏာသိမ်းမည့် သီရီလင်္ကာစစ်ဗိုလ်ချုပ်ကြီး ဖုန်စက္က
နှုတ်ထွက်စာတင်ထားသည့် လက်ရှိ သီရီလင်္ကာ စစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် ဖြစ်သူ ဆာရတ်ဖုန်စက္က က ဦးဆောင်၍ အာဏာသိမ်းမှု ပြုလုပ်မည် ဆိုသည့် သတင်းများကြောင့် သိရီလင်္ကာ နိုင်ငံကိုလံဘို မြို့ နှင့် မြို့ တော် ဂျယာဝါဒင် တို့ တွင် လုံခြုံရေးများ တိုးမြှင့်ထားသည်။
မြောက်ပိုင်း ဂျဖနာ ကျွန်းဆွယ်ရှိ တမီလ် ကျားသူပုန် တို့ အား ပြီးခဲ့သည့် မေလက အမြစ်ဖြုတ်တိုက်ခိုက်နိုင်ခဲ့သည့် သီရိလင်္ကာ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သူက ဦးဆောင်၍ အာဏာသိမ်းမည့် သတင်းများကြောင့် သမ္မတ ဖြစ်သူ မဟင်ဒါရာဂျာ ပါစက လည်းလုံခြုံရေးတိုးမြှင့်ထားသည်။ Keep reading →
Categories: သတင်း · ပြည်ပသတင်း
| မုံပီး |
| သောကြာနေ့၊ နိုဝင်ဘာလ 13 ရက် 2009 ခုနှစ် 12 နာရီ 55 မိနစ် |
|
နယူးဒေလီ (မဇ္ဈိမ) ။ ။ကိုလ်ကာတာမြို့ စက်ရှင်တရားသူကြီးရုံးတွင် အမှုရင်ဆိုင်နေရသော မြန်မာသူပုန် ၃၄ ဦး သည် လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်နေသူများသာ ဖြစ်ကြောင်း အဝေးရောက် အစိုးရအဖွဲ့ဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB)၏ ကိုယ်စားလှယ်က သက်သေအဖြစ် ထွက်ဆိုခဲ့သည်။
NCGUB မှ နယူးဒေလီအခြေစိုက် ဝန်ကြီး ဒေါက်တာတင့်ဆွေက ကြာသပတေးနေ့က တရားရုံးတွင် ထွက်ဆိုရာ၌ လောလောဆယ် ကိုလ်ကာတာမြို့ ပရက်စီဒင်စီ (Presidency) အကျဉ်းထောင်တွင် ချုပ်နှောင်ခံနေရသော ရခိုင်နှင့်ကရင် လူမျိုး ၃၄ ဦးသည် မြန်မာစစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက် တိုက်ပွဲဝင်နေသည့် လွတ်မြောက်ရေး တိုက်ပွဲဝင်နေသူများ ဖြစ်ကြောင်း ပြောဆိုသွားသည်။ Keep reading → |
Categories: သတင်း · ပြည်ပသတင်း
November 13, 2009 · 1 Comment
၁၃ နိုဝင်ဘာ ရန်ကုန် ၊ ၊Freedom News Group
Illegal Street Racing In Rangoon
နာမည်ကျော် ကြားလှသည့် Fast and Furious ရုပ်ရှင် ကားထဲကလို တရားမ၀င် လမ်းပေါ်ကားမောင်ပြိုင်ပွဲများမှာ ရန်ကုန် မြို့ ၏ ညများတွင် ပိုမို ခောတ်စားလာသည်
မှာ နှစ်နှစ် နီးပါးခန့် ရှိ ပြီးဖြစ်သော် လည်း ကမ်းနားလမ်း တစ်လျှောက် နှင့် ကန်တော်
ကြီးပတ်လမ်းတစ်လျှောက်မှာ ပိုမို၍ လူသိများသည့် သန်းခေါင်ယံ ရန်ကုန် ၏ ကား
ပြိုင်ပွဲများ ဖြစ်သည်။
လူသူတိတ်ဆိတ်သော စနေ သို့ မဟုတ် တနင်္ဂနွေည များတွင် ရန်ကုန် မြို့ ၏ နာမည်ကျော် ကမ်းနားလမ်း မ ကြီးပေါ်တွင် ကားပြိုင်ပွဲများကို တွေ့ ရလေ့ရှိပြီး Route တစ်ခုလျှင် ငါးစီးမှ ဆယ်စီး အထိ ပါဝင်ယှဉ် ပြိုင်သည် ဟု သိရသည်။ Keep reading →
Categories: သတင်း ဆောင်းပါး · ဖျော်ဖြေရေး
၁၀ နိုဝင်ဘာ ဘော်စတွန် ၊ ၊Freedom News Group
Fort Hood Rampage Memorial Service
နိုဝင်ဘာလ ငါးရက်နေ့ ကတက္ကဆက်ပြည်နယ် ဘဲလ် မြို့  ရှိ အမေရိကန် နိုင်ငံ၏ အကြီး
ဆုံးသော စစ်စခန်း တစ်ခု ဖြစ်သော Fort Hood တွင် အမေရိကန်ဖွား ပါလက်စတိုင်း လူ
မျိုး စိတ်ပညာရှင် တစ်ဦးဖြစ်သူ ဗိုလ်မှုး နီဒယ် မာလစ် ဟန်ဆန် က ပစ်ခတ်မှု ကြောင့်
သေဆုံးသွားသည့် စစ်သား ၁၂ နှစ်ဦး နှင့် အရပ်သား တစ်ဦးအား ဂုဏ်ပြုအောက်မေ့
ဖွယ် အခမ်အနားကို ယနေ့ Fort Hood တွင် ကျင်းပသည်။ Keep reading →
Categories: သတင်း · ပြည်ပသတင်း
၁၀ နိုဝင်ဘာ ဘော်စတွန် ၊ ၊သီရိထက်
Eaindra Kyaw Zin Visits American

အမေရိကန်နိုင်ငံတွင် သီဆိုဖျော်ဖြေမည့်ပွဲစဉ်များအတွက် သားစိုးနှင့် အတူလေ့ကျင့်နေသော အိန္ဒြာကျော်ဇင်
သီတင်းလေးပတ်ကြာ အမေရိကန် ပြည်ထောင်စု သို့ လာရောက်လည် ပတ်ခြင်းသည်
မကြာခင် ဘ၀ ကြင်ဖော်အဖြစ်ရွေးချယ်မည့် ခင်ပွန်းလောင်းဆီ အလည်လာခြင်းဆိုသည့်
သူမအား နှစ်သက်သည့် ပရိသတ်များကြား သတင်းထွက်ပေါ်နေမှု ကို အိန္ဒြာကျော်ဇင်
ကငြင်းဆိုသွားသည်။ Keep reading →
Categories: ဖျော်ဖြေရေး · ပြည်ပသတင်း
၁၀ နိုဝင်ဘာ ရန်ကုန် ၊ ၊Freedom News Group
Photo:In This Week

ယခုအဝေးမှသာလှမ်းမြင်ရတော့သည့် ကိုလိုနီခောတ် သပိတ်မှောက်ကျောင်းသားကြီးများ ၏ ရွှေတိဂုံ စေတီရင်ပြင်ပေါ်ရှိ သမိုင်းဝင်ကျောက်စာတိုင်

ရန်ကုန် တက္ကသိုလ် အက်ဥပဒေကို သပိတ်မှောက် ဆန္ဒပြရန် မြန်မာ ကျောင်းသားကြီးများ လျှို့ဝှက်သစ္စာပြုသည့် အထိမ်းအမှတ် စိုက်ထူထားသော သမိုင်းဝင် ကျောက်စာတိုင် ယခု မြန်မာ စစ်အစိုးရက မ၀င်ရနယ်မြေကန့် သတ်ထားသည်

မကြာခင်ပြန်လည်လွတ်မြောက်လာတော့ မည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတော့မည့် သတင်းကြား၍ တတိယ အင်အားစုမှ စိတ်နှလုံးမသာမယာဖြစ်ကြသည် ဟု သိရသည်)

ဘာလင်တံတိုင်းပြိုကျမှုနှစ်နှစ်ဆယ်မြောက်အခမ်းအနားကို ဂျာမဏီ နိုင်ငံ ဘာလင်တွင်ကျင်းပရာ နိုင်ငံခေါင်းဆောင်များ နှင့် လူထောင်ပေါင်းများစွာတက်ရောက်ခဲ့သည်


ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာရွှေ့ပြောင်းကလေးငယ်များ၏ ပညာသင်ကျောင်းများပါလာရောက်ကြည့် ရှုရန် စီစဉ်ထားသည့် ဘန်ကောက်ရောက် ဂျက်ကီချန်း ( ပုံတွင် ဘန်ကောက်ရှိ ကလေးငယ်များစာသင်ကျောင်းတစ်ခုတွင် တွေ့ ရသည့် ဂျက်ကီချန်း)

ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာရွှေ့ပြောင်းကလေးငယ်များ ပညာသင်ကျောင်းတစ်ခုအားတွေ့ ရစဉ်

မြန်မာမော်ဒယ်တစ်ဦးအား ဖက်ရှင်ရှိုးပွဲတစ်ခုတွင်တွေ့ ရစဉ်

Categories: သတင်းဓာတ်ပုံ
၁၀ နိုဝင်ဘာ ရန်ကုန် ၊ ၊တင်ကျော်ကျော်စိုး
Burma claims it will release Aung San Suu Kyi
အမေရိကန် သမ္မတ အိုဘားမား က ဒေါ်အောင်ဆန်းစုကြည် အားပြန်လည်လွှတ်ပေးရန်သမ္မတ အနေဖြင့်မဟုတ်ပဲ ပုဂ္ဂိုလ်ရေးတောင်းဆိုမှု ပြု (Updated)်

ဒေါ်အောင်ဆန်းစုကြည်နှင့် ကတ်ကမ်းဘဲလ်တွေ့ ဆုံစဉ် Photograph: Hla Hla Htay/AFP/Getty Images
နေအိမ်အကျယ်ချုပ်ချထားခြင်းခံရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မကြာခင် ရက်ပိုင်း အတွင်းမှာ ပင် ပြန်လွှတ်ပေးတော့မည် ဖြစ်ကြောင်း စစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန မှ တာဝန် ရှိသူ တစ်ဦးက ဖိလစ်ပိုင်တွင်
အေပီ သတင်းဌာန ကို ပြောကြားခဲ့ကြောင်း ဗြိတိန် ထုတ် ဂါးဒီးယန်း သတင်းစာ တွင်ဖေါ်ပြထားသည်။ Keep reading →
Categories: ရသ စာပေ · ပြည်တွင်းသတင်း
November 9, 2009 · 1 Comment
၉ နိုဝင်ဘာ ရန်ကုန် ၊ ၊ဟိန်းခိုင်ထွန်း
Like Oda Mae Brown Popular In Yangon Aftermath Of Cyclone Nargis
ကွယ်လွန်ပြီးသားလူ ပုဂ္ဂိုလ် အား သေပြီးနောက် မည်သည့် တမလွန် ဘုံဘ၀ တွင် ရောက်ရှိနေကြောင်းမေးမြန်းမှုများသည် ရန်ကုန် နှင့် အနီးတ၀ိုက် ရှိမြို့ရွာများတွင်
တွင်ကျယ်နေကြောင်း Freedom News Group မှ စုံစမ်းသိရှိရသည်။ Keep reading →
Categories: သတင်း · ပြည်တွင်းသတင်း
၆ နိုဝင်ဘာ အယ်(လ)အေ ၊ ၊Freedom Literature
ချောင်းဟန့် သံ
Sound Of Clear Throat By Jo Zaw
လည်ချောင်းတစ်လျှောက် ကင်းခြေများတစ်ကောင် တက်လာသလိုမျိုး ရွစိ ရွစိ၊ ယားကျိ ယားကျိနှင့် အခံရခက်လှသည်။ တံတွေးတွေ ဂလု ဂလုနှင့် မျိုချနေရသော်လည်း ဝေဒနာသည် သက်သာမသွား။ ပျောက်မသွား။ တစ်ကိုယ်တည်း ကြားလောက်ရုံ တအင်းအင်းနှင့် ခံတွင်းရှင်းကြည့်တာလည်း မရ။ အားရပါးရ ချောင်းဟန့်လိုက်ရလျှင် လည်ချောင်းထဲ ယားယံ၊ ကပ်ငြိ၊ ပိတ်ဆို.နေတာတွေ ချက်ချင်း အနေချောင်သွားမည်ကို သိသော်လည်း လွတ်လွတ်လပ်လပ် မဟန်.နိုင်သေး။ ပတ်ဝန်းကျင်ကို ကြည့်ရသေးသည်။ အခြေအနေကောင်းပြီ ထင်မှ အားရပါးရ ချောင်းဟန်.ချလိုက်သည်။
` အဟမ်း…..အဟမ်း….အဟမ်း….´ Keep reading →
Categories: ရသ စာပေ · ဖျော်ဖြေရေး